Apple App Store Google Play Store Google Play Store YouTube

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု - ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး အလေးပေး သင်တန်း

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      30  hour(s)      77 စာရင်းသွင်းထားသူ      4 ပို့ချချက်/ပို့ချချက်များ      6 မေးခွန်းများ      380 ကြည့်ရှုသူစုစုပေါင်း   
 (7)
သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤမော်ဂျူးသည်နယ်လှည့်ဆရာအတတ်သင်နည်းပြ(MTT)များအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) နှင့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) မော်ဂျူးဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် ပဋိပက္ခဖြစ်လွယ်ကြုံလွယ်သည့် နေရာများမှ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် မရှိမဖြစ်လိုအပ်မည့် တတ်ကျွမ်းမှုများကို ပေးအပ်ရန် စီမံရေးဆွဲထားခြင်းဖြစ်သည်။​ မော်ဂျူး ရှစ်ခုပါရှိသည့် ဤသင်ရိုးတွင် ခေါင်းစဉ်အမျိုးမျိုးကို ထည့်သွင်း တင်ပြထားပါသည်။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဆိုင်ရာ အခြေခံများနှင့် စတင်ပြီး၊​ တာဝန်သိ ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်မှု၊ အွန်လိုင်း ဘေးကင်းလုံခြုံမှုတို့တွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) ၏ အခန်းကဏ္ဍ အရေးကြီးပုံကို အာရုံစိုက် တင်ပြထားပါသည်။​ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) အကြောင်းကိုလည်း နက်နက်နဲနဲ လေ့လာဆင်ခြင်ပြထားသည်။​ ငြိမ်းချမ်းပြီး အားလုံးအကျုံးဝင်မှုရှိသော သင်ယူမှုပတ်ဝန်းကျင်များနှင့် ရပ်ရွာများ ဖန်တီးရာတွင် ၎င်း၏ အရေးပါမှုကိုလည်း မီးမောင်းထိုးပြသည်။​ဤမော်ဂျူးက MIL နှင့် CSE တို့ ပေါင်းစပ်စုဆုံမှုကိုလည်း လေ့လာဖော်ပြသည်။​၎င်း ချဉ်းကပ်ပုံ နှစ်ခုကို ပေါင်းစပ်အားယူသည့်အခါ ဒစ်ဂျစ်တယ်ကမ္ဘာအတွင်းမှ ပဋိပက္ခနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကျော်လွှားနိုင်စွမ်း ပိုမို ရှိလာကြပါလိမ့်မည်။ မြန်မာနိုင်ငံကဲ့သို့ ကွဲပြားစုံလင်လှသော ရပ်ရွာများစွာ ပါဝင်သည့်နေရာမျိုးတွင် အမုန်းစကားကို ဖြေရှင်းခြင်း၊ ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ခြင်း၊ ယဉ်‌ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုကို အားပေးမြှင့်တင်ခြင်းတို့နှင့်ပတ်သက်သည့် အတွေးအမြင်များကို တက်ရောက်သူများက ရရှိသွားမည်ဖြစ်သည်။​ ဤမော်ဂျူးက ဆိုက်ဘာဘေးကင်းမှုနှင့် လုံခြုံရေးအပေါ် အာရုံစူးစိုက်ပြီး အသိဗဟုသုတများစွာ စုစည်းတင်ပြသည်။ သင်ကြားပြသသူများအနေနှင့် မိမိကိုယ်ကိုရော၊ ၎င်းတို့၏ ကျောင်းသူ/သားများကိုပါ ကာကွယ်စောင့်ရှောက်တတ်ခြင်း စွမ်းရည်များ ရရှိစေပါမည်။ ဤသင်တန်းအပြီးတွင် နယ်လှည့်ဆရာအတတ်သင်နည်းပြများသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးဆိုင်ရာ နားလည်မှု ကောင်းစွာရရှိသွားမည့်အပြင် အဆိုပါစွမ်းရည်များကို သင်ကြားရေးအတွင်း ကောင်းစွာ အသုံးချနိုင်စေမည့် လက်တွေ့နည်းကိရိယာများနှင့် လုပ်ငန်းစဉ်များပါ ရရှိသွားကြမည်ဖြစ်သည်။​ဤမော်ဂျူးသည် ရှုပ်ထွေးနက်နဲပြီး အပြန်အလှန်ချိတ်ဆက်မှီခိုမှုများလှသည့် ဤကမ္ဘာတွင် ဆရာ/ သင်ကြားပို့ချသူများက ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုပိုင်း၊ ငြိမ်းချမ်းရေးပိုင်း၊ လူတိုင်းအကျုံးဝင်မှုအပိုင်းများတွင် ဦးဆောင်လှုပ်ရှားအားပေးသူများဖြစ်လာစေပြီး ကျောင်းသူ/သားများနှင့် ရပ်ရွာများအတွက် ကောင်းကျိုးသက်ရောက်မှုများကို ဖန်တီးပေးနိုင်သူများဖြစ်လာစေရန် အားပေးမည်ဖြစ်သည်။​

သင်တန်းရည်ရွယ်ချက်များ

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေးကို အဓိကအာရုံစိုက်လေ့လာသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအပိုင်း၏ မူဘောင်များ၊ ချဉ်းကပ်နည်းများ၊ မဟာဗျူဟာနည်းလမ်းများကို သင်ယူသူတို့ ကောင်းစွာ နားလည်မှုရှိစေရန် ဤမော်ဂျူးက ကူညီ ပြင်ဆင်ပေးမည်ဖြစ်သည်။​

သင်ယူမှုရလဒ်များ

·       မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု MIL နှင့် ၎င်း၏ အစိတ်အပိုင်းများအကြောင်း အယူအဆကို ရှင်းပြတတ်မည်။​

·       နယ်လှည့်ဆရာအတတ်သင်နည်းပြများအတွက် မီဒီယာဆိုင်ရာ သိနားလည်တတ်ကျွမ်းမှုများကို ဖော်ထုတ်သတ်မှတ်တတ်မည်။ 

·       စာသင်ခန်းတွင်းလုပ်ငန်း များကို အသုံးပြုပြီး မီဒီယာဆိုင်ရာ သိနားလည်တတ်ကျွမ်းမှုများကို မည်သို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။​

·       နယ်လှည့်ဆရာအတတ်သင်နည်းပြများအတွက် သတင်းအချက်အလက်ဆိုင်ရာ သိနားလည် တတ်ကျွမ်းမှုများကို ဖော်ထုတ်သတ်မှတ်တတ်မည်။ 

·       စာသင်ခန်းတွင်းလုပ်ငန်းများကို အသုံးပြုပြီး သတင်းအချက်အလက်ဆိုင်ရာ သိနားလည် တတ်ကျွမ်းမှုများကို မည်သို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။ 

·       နယ်လှည့်ဆရာအတတ်သင်နည်းပြများအတွက် ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်တတ်ကျွမ်းမှုများကို ဖော်ထုတ်သတ်မှတ်တတ်မည်။ 

·       စာသင်ခန်းတွင်းလုပ်ငန်းများကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည် တတ်ကျွမ်းမှုများကို မည်သို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။​

·       ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးဆိုင်ရာ အယူအဆများကို ရှင်းပြတတ်မည်။ 

·        ပဋိပက္ခနှင့် အကျပ်အတည်း အမျိုးမျိုး ဖြစ်ပွားနိုင်သည့် ပညာရေး အခင်းအကျင်းများတွင် ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ပညာရေးကို အကောင်အထည်ဖော်ခြင်း၏ အရေးပါမှုကို တန်ဖိုးထား အသိအမှတ်ပြုတတ်မည်။​

·       ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ ဦးစားပေးနယ်ပယ်များ (နောင်တွင် CSE AoF ဟု သုံးနှုန်းသွားမည်။) ကို အဓိပ္ပာယ်ဖွင့်ဆိုရှင်းပြတတ်မည်။

·       ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ ဦးစားပေးနယ်ပယ်များကို ဆရာများအတွက် တတ်ကျွမ်းမှုအညွှန်းဘောင်တွင် မည်သို့ ပေါင်းစပ်ထည့်သွင်းမည်ဖြစ်ကြောင်း သရုပ်ဖော်ရှင်းပြတတ်မည်။​

·       စာသင်ခန်းတွင်းလုပ်ငန်းများကို အသုံးပြုပြီး ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ ဦးစားပေးနယ်ပယ်များကို မည်သို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။​

·       မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးတို့အကြားမှ ဆက်စပ်မှုများကို ရှင်းပြတတ်မည်။​

·       ပညာရေးအခင်းအကျင်းများတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးတို့ကို ထည့်သွင်းကျင့်သုံးခြင်း၏ အရေးပါမှုကို ရှင်းပြတတ်မည်။​

·       မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုကို အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထည့်သွင်းဖော်ပြထားသည့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ ဦးစားပေးနယ်ပယ်များကို ဖော်ထုတ် သိရှိလာနိုင်မည်။​

·       ပဋိပက္ခ အဖြစ်များသော ပညာရေးအခင်းအကျင်းများတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးတို့ကို ထည့်သွင်း ကျင့်သုံးခြင်း၏ အရေးပါမှုကို ရှင်းပြတတ်မည်။​

·       အမုန်းတရားနှင့် အမုန်းစကားကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်။

·       အမုန်းစကားထံ ဦးတည်စေသော အချက်များကို ဖော်ပြတတ်မည်။

·       အမုန်းစကား၏ အမျိုးမျိုးသော နောက်ဆက်တွဲအကျိုးဆက်များကို ဖော်ပြနိုင်မည်။

·       ပဋိပက္ခဖြစ်စေသော အမုန်းစကားကို တိုက်ဖျက်ရာတွင် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ အခန်းကဏ္ဍ ကြီးမားပုံကို ဖော်ပြနိုင်မည်။

·       လက်ခံမှု၊ လေးစားမှုနှင့် အသိအမှတ်ပြုနားလည်မှုတို့ကို ဖော်ဆောင်ပေးသော သင်ယူမှုလုပ်ငန်းစဉ်များကို အသုံးချနိုင်မည်။

·       ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုကို အဓိပ္ပါယ်ဖွင့်ဆိုတတ်မည်။

·       ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုကို ခွဲခြားတတ်မည်။

·       'ဂျန်ဒါ(ကျား-မရေးရာ) ပိုင်း ဘက်လိုက်မှု'၊ ၎င်း၏ ဇာစ်မြစ်နှင့် သက်ရောက်မှုတို့ကို ဖော်ပြတတ်မည်။

·       မီဒီယာ ကိုယ်စားပြုပုံဖော်မှု အလွဲနှင့် ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ဖော်ပြတတ်မည်။

·       ဘက်လိုက်မှု၊ ခွဲခြားဆက်ဆံမှုတို့ကို MIL နှင့် CSE တတ်ကျွမ်းမှုများကို အသုံးချခြင်းမှတစ်ဆင့် ဖြေရှင်းနိုင်မည်။

·       အားလုံးအကျုံးဝင်မှုနှင့် လုံခြုံမှုရှိသော သင်ယူမှုဝန်းကျင်ကို မြှင့်တင်အားပေးမည့် သင်ယူမှုလုပ်ငန်းများကို အသုံးချတတ်မည်။

·       'သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု' သဘောတရားကို ဖော်ပြတတ်မည်။

·       လုပ်ကြံသတင်း၊ သတင်းမှားနှင့် မသမာသတင်းတို့ကို ခွဲခြားနိုင်မည်။

·       သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု နယ်ပယ်စဉ်အတွင်းမှ ပုံစံအမျိုးမျိုးကို ဖော်ပြတတ်မည်။

·       ပညာရေးအခင်းအကျင်းများတွင် MIL နှင့် CSE တတ်ကျွမ်းမှုများကို အသုံးချခြင်း၏ အရေးပါမှုအား အသိအမှတ်ပြုနိုင်မည်။

·       ဝေဖန်ပိုင်းခြားဆင်ခြင်စဉ်းစားခြင်းနှင့် စစ်ရင်း ဖတ်ခြင်းကို အားပေးမြှင့်တင်သည့် သင်ယူမှုလုပ်ငန်းစဉ်များကို အသုံးချတတ်မည်။

·       ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှုအယူအဆကို နားလည်မည်။​

·       ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှုရှိသည့် အပြုအမူ၏ ဝိသေသများကို ရှင်းပြတတ်မည်။​

·       ကွဲပြားစုံလင်မှုများပြားသည့် အခြေအနေအခင်းအကျင်းအတွင်း ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှု၏ အရေးပါမှုကို တန်ဖိုးထား အသိအမှတ်ပြုတတ်မည်။​

·       CSE AoF သည် လူမှုပေါင်းစည်းခြင်း၊​အားလုံးအကျုံးဝင်မှု၊​ နှင့် ယဉ်ကျေးမှုဆိုင်ရာ အားလုံး အကျုံးဝင်မှုကို မည်သို့ အားကောင်းအောင်ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း​ရှင်းပြတတ်မည်။​

·       ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှု တည်ဆောက်နိုင်ရေးနှင့် ပိုမို အားကောင်းလာနိုင်ရေးကို အားပေးနိုင်မည့် သင်ယူမှု လုပ်ငန်းစဉ်အမျိုးမျိုးကို အသုံးချတတ်မည်။​

·       ဆိုက်ဘာဘေးကင်းမှု ၏ အဓိပ္ပာယ်၊ ၎င်း၏ ရည်ရွယ်ချက်နှင့် အဓိက မျက်နှာစာများအကြောင်း ရှင်းပြတတ်မည်။​

·       ဆိုက်ဘာလုံခြုံရေး ၏ အဓိပ္ပာယ်၊ ၎င်း၏ ရည်ရွယ်ချက်နှင့် အဓိက မျက်နှာစာများအကြောင်း ရှင်းပြတတ်မည်။​

·       ကလေးသူငယ်များကို အွန်လိုင်းအန္တရာယ်များမှ ကာကွယ်ရေးနှင့် ၎င်းတို့ ဒစ်ဂျစ်တယ်နိုင်ငံသား တတ်ကျွမ်းမှုများကို အားပေးမြှင့်တင်ရေးအတွက် သင်ကြားပို့ချသူများ၏ အခန်းကဏ္ဍ မည်သို့ ရှိကြောင်း ရှင်းပြတတ်မည်။

·       မိုဘိုင်းစက်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အယူအဆနှင့် အခြေခံ မူများကို သရုပ်ဖော်ရှင်းပြတတ်မည်။

·       အတွေ့ရ အများဆုံး အွန်လိုင်းအန္တရာယ်များကို စာရင်းပြုတတ်မည်။

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)

အကျိုးရှိစွာ ပို့ချပေးပြီး စိတ်ဝင်စားစွာသင်ယူပါမည်

By Soe********  at 2024-01-20 11:40:58

ဤ ပို့ချပေးမှုများသည် လူမှုအသိုက်အဝန်းအတွက် များစွာ အကျိုးရှိသည်ဟု ယုံကြည်မိပါသည်။

By Moh*********  at 2024-01-20 14:44:15

အကျိုးရှိရှိအသုံးချသင့်သောပညာရပ်ဖြစ်သည်။

By khi************  at 2024-01-20 15:11:44

မိုက်တယ် အသိပညာလည်းစုံတယ်

By Nyi*********  at 2024-01-25 00:33:08

တကယ်ကို ကောင်းမွန်တဲ့ ပညာရပ် တွေ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ

By shw***********  at 2024-01-25 19:32:19

good

By tar*******  at 2024-01-27 17:17:15

hi

By y*  at 2024-02-04 12:36:05

အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
Back To Top