Apple App Store Google Play Store Google Play Store YouTube

Test Course (Flexible order)

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      1  hour(s)      0 စာရင်းသွင်းထားသူ      2 ပို့ချချက်/ပို့ချချက်များ      1 မေးခွန်းများ      47 ကြည့်ရှုသူစုစုပေါင်း   
 (2)
Test Course (Flexible order)
သင်တန်းအကြောင်းအရာ ဖော်ပြချက်

လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ ( Psychosocial Well-being) သည် လူသားတိုင်းအတွက် ပျော်စရာ ကောင်းသော အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် နှင့် ကျန်းမာပျော်ရွှင်သော ဘဝ နေထိုင်မှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။ လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်သာသုခ ပြည့်စုံနေမှာသာ လူတစ်ယောက်က မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ အလေးအမြတ်ထားခြင်း နှင့် ဘေးကင်းလုံခြုံမှုကို ခံစားရပြီး ၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်များကို ခိုင်ခိုင်မာမာ ချနိုင်ခြင်း နှင့် ပဋိပက္ခ များကို အပြုသဘောဖြင့် ပူးပေါင်း အဖြေရှာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါသည်။

ကလေးတိုင်းတွင်  အသက်အရွယ်၊ မိသားစု အခြေအနေ နှင့် ဘဝ အတွေ့အကြုံများ အလိုက် လူမှုစိတ်ပိုင်းဆိုင်ရာ လိုအင်များ ရှိကြပါသည်။ ကျောင်း၊ သင်ယူမှုပတ်ဝန်းကျင်နှင့် ဆရာ၊ တပည့် ဆက်ဆံရေးက ကလေးများ၏ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုကို များစွာ ပံ့ပိုးပေးနိုင်ပါသည်။ အခက်အခဲ အကျပ်အတည်းကာလမှာ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ကလေးများကို လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုများ ဆောင်ရွက်နိုင်ရန် အတွက် ပညာရေးကဏ္ဍ လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးမှု အွန်လိုင်သင်ခန်းစာကို ဆရာ၊ဆရာမ များ နှင့် အခြားစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးဆွဲထားပါသည်။ ကျောင်းသူကျောင်းသားများကို လူမှုစိတ်ပိုင်း ဆိုင်ရာ ကူညီပံ့ပိုးပေးမှုပေးရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်၊ ကျောင်းသူ ကျောင်းသားများ၏ ကြံကြံခံနိုင်စွမ်း ၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ နှင့် အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရာတွင် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ရည်ရွယ်ပါသည်။

မော်ဂျုး (၁) တွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု မိတ်ဆက် သင်ခန်းစာကို လေ့လာရမှာ ဖြစ်ပြီး၊  လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှု၏ အဓိပ္ပါယ်၊ အခြေခံမူများ၊ နည်းလမ်းများနှင် ပညာရေးကဏ္ဍမှ တဆင့် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့ပေးမှုပေးနိုင်သည့် နည်းလမ်းများ၊ အခြေခံမူများ နှင့် ဆရာဆရာ မများ၏ အခန်းကဏ္ဍ ပါဝင်ပါသည်။ ဤအွန်လိုင်းသင်ခန်းစာတွင် သီအိုရီပိုင်းဆိုင်ရာ သဘောတရားများ၊ လက်တွေ့လုပ်ဆောင်နိုင်သည့် နည်းလမ်းများနှင့် ဖြစ်ရပ် လေ့လာမှုများဖြင့် ဆရာ၊ဆရာမ များ အနေဖြင့် ကျောင်းသူ ကျောင်းသားများ အတွက် အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် သင်ယူမှု ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန် ပံ့ပိုးပေးထားပါသည်။

သင်တန်းရည်ရွယ်ချက်များ

မော်ဂျုး ( ၁) သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့် 
  • လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု၏ အခြေခံသဘောတရားနှင့် အဓိပ္ပါယ်ကို နားလည်လာမည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ ပေးရာတွင် လိုက်နာရမည့် အခြေခံမူများကို ရှင်းပြတတ်မည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာ ပီရမစ်၏ အလွှာနှင့် ပံ့ပိုးကူညီနိုင်သည့် နည်းလမ်းများကို ရှင်းပြတတ်မည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရာတွင် ပညာရေး၏ အခန်းကဏ္ဍ နှင့် အခြေခံ မူများကို နားလည် သဘောပေါက်မည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရာတွင် ဆရာ၊ဆရာမ များ၏ အခန်းကဏ္ဍကို ဆန်းစစ်တတ်လာမည်။
  • အပြုသဘော ဆောင်သော ဘေးကင်းသော သင်ယူမှုဝန်းကျင် တည်ဆောင်ရာတွင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်မည်။

သင်ယူမှုရလဒ်များ

Link Test Link

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)
အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။

There is no live session planned yet!
Please login to take the course and join the live sessions!
စနစ်သို့ ဝင်ရန်
သက်ဆိုင်သော အရင်းအမြစ်များ
Schooling and Conflict: Ethnic Education and Mother Tongue-based Teaching in Myanmar

Schooling and Conflict: Ethn...

Education and language policies and practices are at the heart of ethnic conflicts in My...

ပိုမိုလေ့လာမည်
Back To Top