Apple App Store Google Play Store Google Play Store YouTube

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု - ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး အလေးပေး သင်တန်း

  Certified      2  day(s)      3 enrollment(s)      2 lecture(s)      0 quizz(es)      43 view(s)   
 (3)
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု - ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး အလေးပေး သင်တန်း
Course Description

ဤမော်ဂျူးသည် နယ်လှည့်ဆရာအတတ်သင်နည်းပြ(MTT)များအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) နှင့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) မော်ဂျူးဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် ပဋိပက္ခဖြစ်လွယ်ကြုံလွယ်သည့် နေရာများမှ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် မရှိမဖြစ်လိုအပ်မည့် တတ်ကျွမ်းမှုများကို ပေးအပ်ရန် စီမံရေးဆွဲထားခြင်းဖြစ်သည်။​ မော်ဂျူး ရှစ်ခုပါရှိသည့် ဤသင်ရိုးတွင် ခေါင်းစဉ်အမျိုးမျိုးကို ထည့်သွင်း တင်ပြထားပါသည်။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဆိုင်ရာ အခြေခံများနှင့် စတင်ပြီး၊​ တာဝန်သိ ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်မှု၊ အွန်လိုင်း ဘေးကင်းလုံခြုံမှုတို့တွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) ၏ အခန်းကဏ္ဍ အရေးကြီးပုံကို အာရုံစိုက် တင်ပြထားပါသည်။​ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) အကြောင်းကိုလည်း နက်နက်နဲနဲ လေ့လာဆင်ခြင်ပြထားသည်။​ ငြိမ်းချမ်းပြီး အားလုံးအကျုံးဝင်မှုရှိသော သင်ယူမှုပတ်ဝန်းကျင်များနှင့် ရပ်ရွာများ ဖန်တီးရာတွင် ၎င်း၏ အရေးပါမှုကိုလည်း မီးမောင်းထိုးပြသည်။​ ဤမော်ဂျူးက MIL နှင့် CSE တို့ ပေါင်းစပ်စုဆုံမှုကိုလည်း လေ့လာဖော်ပြသည်။​ ၎င်း ချဉ်းကပ်ပုံ နှစ်ခုကို ပေါင်းစပ်အားယူသည့်အခါ ဒစ်ဂျစ်တယ်ကမ္ဘာအတွင်းမှ ပဋိပက္ခနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကျော်လွှားနိုင်စွမ်း ပိုမို ရှိလာကြပါလိမ့်မည်။ 

မြန်မာနိုင်ငံကဲ့သို့ ကွဲပြားစုံလင်လှသော ရပ်ရွာများစွာ ပါဝင်သည့်နေရာမျိုးတွင် အမုန်းစကားကို ဖြေရှင်းခြင်း၊ ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ခြင်း၊ ယဉ်‌ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုကို အားပေးမြှင့်တင်ခြင်းတို့နှင့်ပတ်သက်သည့် အတွေးအမြင်များကို တက်ရောက်သူများက ရရှိသွားမည်ဖြစ်သည်။​ ဤမော်ဂျူးက ဆိုက်ဘာဘေးကင်းမှုနှင့် လုံခြုံရေးအပေါ် အာရုံစူးစိုက်ပြီး အသိဗဟုသုတများစွာ စုစည်းတင်ပြသည်။ သင်ကြားပြသသူများအနေနှင့် မိမိကိုယ်ကိုရော၊ ၎င်းတို့၏ ကျောင်းသူ/သားများကိုပါ ကာကွယ်စောင့်ရှောက်တတ်ခြင်း စွမ်းရည်များ ရရှိစေပါမည်။

ဤသင်တန်းအပြီးတွင် နယ်လှည့်ဆရာအတတ်သင်နည်းပြများသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးဆိုင်ရာ နားလည်မှု ကောင်းစွာရရှိသွားမည့်အပြင် အဆိုပါစွမ်းရည်များကို သင်ကြားရေးအတွင်း ကောင်းစွာ အသုံးချနိုင်စေမည့် လက်တွေ့နည်းကိရိယာများနှင့် လုပ်ငန်းစဉ်များပါ ရရှိသွားကြမည်ဖြစ်သည်။​ ဤမော်ဂျူးသည် ရှုပ်ထွေးနက်နဲပြီး အပြန်အလှန်ချိတ်ဆက်မှီခိုမှုများလှသည့် ဤကမ္ဘာတွင် ဆရာ/ သင်ကြားပို့ချသူများက ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုပိုင်း၊ ငြိမ်းချမ်းရေးပိုင်း၊ လူတိုင်းအကျုံးဝင်မှုအပိုင်းများတွင် ဦးဆောင်လှုပ်ရှားအားပေးသူများဖြစ်လာစေပြီး ကျောင်းသူ/သားများနှင့် ရပ်ရွာများအတွက် ကောင်းကျိုးသက်ရောက်မှုများကို ဖန်တီးပေးနိုင်သူများဖြစ်လာစေရန် အားပေးမည်ဖြစ်သည်။​

Course Objectives

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေးကို အဓိကအာရုံစိုက်လေ့လာသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအပိုင်း၏ မူဘောင်များ၊ ချဉ်းကပ်နည်းများ၊ မဟာဗျူဟာနည်းလမ်းများကို သင်ယူသူတို့ ကောင်းစွာ နားလည်မှုရှိစေရန် ဤမော်ဂျူးက ကူညီ ပြင်ဆင်ပေးမည်ဖြစ်သည်။​ 

Learning Outcomes

·       မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု MIL နှင့် ၎င်း၏ အစိတ်အပိုင်းများအကြောင်း အယူအဆကို ရှင်းပြတတ်မည်။​

·       နယ်လှည့်ဆရာအတတ်သင်နည်းပြများအတွက် မီဒီယာဆိုင်ရာ သိနားလည်တတ်ကျွမ်းမှုများကို ဖော်ထုတ်သတ်မှတ်တတ်မည်။ 

·       စာသင်ခန်းတွင်းလုပ်ငန်း များကို အသုံးပြုပြီး မီဒီယာဆိုင်ရာ သိနားလည်တတ်ကျွမ်းမှုများကို မည်သို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။​

·       နယ်လှည့်ဆရာအတတ်သင်နည်းပြများအတွက် သတင်းအချက်အလက်ဆိုင်ရာ သိနားလည် တတ်ကျွမ်းမှုများကို ဖော်ထုတ်သတ်မှတ်တတ်မည်။ 

·       စာသင်ခန်းတွင်းလုပ်ငန်းများကို အသုံးပြုပြီး သတင်းအချက်အလက်ဆိုင်ရာ သိနားလည် တတ်ကျွမ်းမှုများကို မည်သို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။ 

·       နယ်လှည့်ဆရာအတတ်သင်နည်းပြများအတွက် ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်တတ်ကျွမ်းမှုများကို ဖော်ထုတ်သတ်မှတ်တတ်မည်။ 

·       စာသင်ခန်းတွင်းလုပ်ငန်းများကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည် တတ်ကျွမ်းမှုများကို မည်သို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။​

·       ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးဆိုင်ရာ အယူအဆများကို ရှင်းပြတတ်မည်။ 

·        ပဋိပက္ခနှင့် အကျပ်အတည်း အမျိုးမျိုး ဖြစ်ပွားနိုင်သည့် ပညာရေး အခင်းအကျင်းများတွင် ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ပညာရေးကို အကောင်အထည်ဖော်ခြင်း၏ အရေးပါမှုကို တန်ဖိုးထား အသိအမှတ်ပြုတတ်မည်။​

·       ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ ဦးစားပေးနယ်ပယ်များ (နောင်တွင် CSE AoF ဟု သုံးနှုန်းသွားမည်။) ကို အဓိပ္ပာယ်ဖွင့်ဆိုရှင်းပြတတ်မည်။

·       ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ ဦးစားပေးနယ်ပယ်များကို ဆရာများအတွက် တတ်ကျွမ်းမှုအညွှန်းဘောင်တွင် မည်သို့ ပေါင်းစပ်ထည့်သွင်းမည်ဖြစ်ကြောင်း သရုပ်ဖော်ရှင်းပြတတ်မည်။​

·       စာသင်ခန်းတွင်းလုပ်ငန်းများကို အသုံးပြုပြီး ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ ဦးစားပေးနယ်ပယ်များကို မည်သို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။​

·       မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးတို့အကြားမှ ဆက်စပ်မှုများကို ရှင်းပြတတ်မည်။​

·       ပညာရေးအခင်းအကျင်းများတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးတို့ကို ထည့်သွင်းကျင့်သုံးခြင်း၏ အရေးပါမှုကို ရှင်းပြတတ်မည်။​

·       မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုကို အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထည့်သွင်းဖော်ပြထားသည့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ ဦးစားပေးနယ်ပယ်များကို ဖော်ထုတ် သိရှိလာနိုင်မည်။​

·       ပဋိပက္ခ အဖြစ်များသော ပညာရေးအခင်းအကျင်းများတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးတို့ကို ထည့်သွင်း ကျင့်သုံးခြင်း၏ အရေးပါမှုကို ရှင်းပြတတ်မည်။​

·       အမုန်းတရားနှင့် အမုန်းစကားကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်။

·       အမုန်းစကားထံ ဦးတည်စေသော အချက်များကို ဖော်ပြတတ်မည်။

·       အမုန်းစကား၏ အမျိုးမျိုးသော နောက်ဆက်တွဲအကျိုးဆက်များကို ဖော်ပြနိုင်မည်။

·       ပဋိပက္ခဖြစ်စေသော အမုန်းစကားကို တိုက်ဖျက်ရာတွင် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး၏ အခန်းကဏ္ဍ ကြီးမားပုံကို ဖော်ပြနိုင်မည်။

·       လက်ခံမှု၊ လေးစားမှုနှင့် အသိအမှတ်ပြုနားလည်မှုတို့ကို ဖော်ဆောင်ပေးသော သင်ယူမှုလုပ်ငန်းစဉ်များကို အသုံးချနိုင်မည်။

·       ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုကို အဓိပ္ပါယ်ဖွင့်ဆိုတတ်မည်။

·       ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုကို ခွဲခြားတတ်မည်။

·       'ဂျန်ဒါ(ကျား-မရေးရာ) ပိုင်း ဘက်လိုက်မှု'၊ ၎င်း၏ ဇာစ်မြစ်နှင့် သက်ရောက်မှုတို့ကို ဖော်ပြတတ်မည်။

·       မီဒီယာ ကိုယ်စားပြုပုံဖော်မှု အလွဲနှင့် ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ဖော်ပြတတ်မည်။

·       ဘက်လိုက်မှု၊ ခွဲခြားဆက်ဆံမှုတို့ကို MIL နှင့် CSE တတ်ကျွမ်းမှုများကို အသုံးချခြင်းမှတစ်ဆင့် ဖြေရှင်းနိုင်မည်။

·       အားလုံးအကျုံးဝင်မှုနှင့် လုံခြုံမှုရှိသော သင်ယူမှုဝန်းကျင်ကို မြှင့်တင်အားပေးမည့် သင်ယူမှုလုပ်ငန်းများကို အသုံးချတတ်မည်။

·       'သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု' သဘောတရားကို ဖော်ပြတတ်မည်။

·       လုပ်ကြံသတင်း၊ သတင်းမှားနှင့် မသမာသတင်းတို့ကို ခွဲခြားနိုင်မည်။

·       သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု နယ်ပယ်စဉ်အတွင်းမှ ပုံစံအမျိုးမျိုးကို ဖော်ပြတတ်မည်။

·       ပညာရေးအခင်းအကျင်းများတွင် MIL နှင့် CSE တတ်ကျွမ်းမှုများကို အသုံးချခြင်း၏ အရေးပါမှုအား အသိအမှတ်ပြုနိုင်မည်။

·       ဝေဖန်ပိုင်းခြားဆင်ခြင်စဉ်းစားခြင်းနှင့် စစ်ရင်း ဖတ်ခြင်းကို အားပေးမြှင့်တင်သည့် သင်ယူမှုလုပ်ငန်းစဉ်များကို အသုံးချတတ်မည်။

·       ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှုအယူအဆကို နားလည်မည်။​

·       ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှုရှိသည့် အပြုအမူ၏ ဝိသေသများကို ရှင်းပြတတ်မည်။​

·       ကွဲပြားစုံလင်မှုများပြားသည့် အခြေအနေအခင်းအကျင်းအတွင်း ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှု၏ အရေးပါမှုကို တန်ဖိုးထား အသိအမှတ်ပြုတတ်မည်။​

·       CSE AoF သည် လူမှုပေါင်းစည်းခြင်း၊​ အားလုံးအကျုံးဝင်မှု၊​ နှင့် ယဉ်ကျေးမှုဆိုင်ရာ အားလုံး အကျုံးဝင်မှုကို မည်သို့ အားကောင်းအောင်ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း​ ရှင်းပြတတ်မည်။​

·       ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှု တည်ဆောက်နိုင်ရေးနှင့် ပိုမို အားကောင်းလာနိုင်ရေးကို အားပေးနိုင်မည့် သင်ယူမှု လုပ်ငန်းစဉ်အမျိုးမျိုးကို အသုံးချတတ်မည်။​

·       ဆိုက်ဘာဘေးကင်းမှု ၏ အဓိပ္ပာယ်၊ ၎င်း၏ ရည်ရွယ်ချက်နှင့် အဓိက မျက်နှာစာများအကြောင်း ရှင်းပြတတ်မည်။​

·       ဆိုက်ဘာလုံခြုံရေး ၏ အဓိပ္ပာယ်၊ ၎င်း၏ ရည်ရွယ်ချက်နှင့် အဓိက မျက်နှာစာများအကြောင်း ရှင်းပြတတ်မည်။​

·       ကလေးသူငယ်များကို အွန်လိုင်းအန္တရာယ်များမှ ကာကွယ်ရေးနှင့် ၎င်းတို့ ဒစ်ဂျစ်တယ်နိုင်ငံသား တတ်ကျွမ်းမှုများကို အားပေးမြှင့်တင်ရေးအတွက် သင်ကြားပို့ချသူများ၏ အခန်းကဏ္ဍ မည်သို့ ရှိကြောင်း ရှင်းပြတတ်မည်။

·       မိုဘိုင်းစက်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အယူအဆနှင့် အခြေခံ မူများကို သရုပ်ဖော်ရှင်းပြတတ်မည်။

·       အတွေ့ရ အများဆုံး အွန်လိုင်းအန္တရာယ်များကို စာရင်းပြုတတ်မည်။

ကလေးသူငယ်များ၏ ဆိုက်ဘာ ဘေးကင်းမှုနှင့် လုံခြုံရေးကို အားပေးမြှင့်တင်နိုင်မည့် သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များကို အသုံးချတတ်မည်။

Assessment and Certification

In order to get the certification, you need to finish all the course work, quizzes and final assessment.

Rating & Reviews (5 - Best, 1 - Worst)

excellent

By Wut*****  at 2024-01-15 21:05:52

Perfect

By A*  at 2024-01-16 10:12:23

hello test

By tea********  at 2024-05-09 14:31:22

Please login and take the course to rate and review.
Login
Please login to view the discussion and chat with the course takers.
Login
Take This Course

No Quiz Found

There will be evaluation session before certification!

There is no live session planned yet!
Please login to take the course and join the live sessions!
Login
Related Resources
Schooling and Conflict: Ethnic Education and Mother Tongue-based Teaching in Myanmar

Schooling and Conflict: Ethn...

Education and language policies and practices are at the heart of ethnic conflicts in My...

Learn More
Back To Top