Apple App Store Google Play Store Google Play Store YouTube

Online ICT course for teachers

  Certified      2  hour(s)      1 enrollment(s)      3 lecture(s)      1 quizz(es)      26 view(s)   
 No Rating Yet
Online ICT course for teachers
Course Description

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ယနေ့ခေတ်တွင် နည်းပညာဆိုင်ရာ ပညာရပ်များစွာထွန်းကားလာသည်နှင့်အမျှ အိုင်တီနည်းပညာသည် နေ့စဉ်ဘဝတွင် အများနှင့် ချိတ်ဆက်စကားပြောဆိုခြင်းမှ စ၍  ပညာရေးနှင့် အလုပ်အကိုင်များအထိ မရှိမဖြစ်လိုအပ်လာပါသည်။ ထို့ကြောင့် ယခုသင်တန်းကို လူငယ်များ၏ ဘ၀တိုးတက်မြင့်မားရေးအတွက် အသုံး၀င်စေမည့် နည်းပညာအသုံးပြုပုံများကို ပေါင်းစုပြီး ရေးဆွဲထားခြင်းဖြစ်ပါသည်။ သင်ခန်းစာခွဲ (၅) ခန်းပါဝင်မည်ဖြစ်ပြီး (၁) Microsoft အက်ပလီကေးရှင်းများ၊  (၂) Google မှပေးသော ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြား သင်ယူမှုဆိုင်ရာ အက်ပလီကေးရှင်းများ၊ (၃) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ (၄) လုံခြုံမှုရှိသော ဆက်သွယ်ရေးအက်ပလီကေးရှင်းများ၊ (၅) လက်ရှိကာလတွင် အသုံးများလျက်ရှိသော ChatGPT နှင့် အွန်လိုင်းမှ ဝင်ငွေရှာဖွေခြင်း စသည့် နည်းပညာဆိုင်ရာမူများနှင့်အသုံးချမှုများကို ဖော်ပြထားပါသည်။ သင်ခန်းစာတိုင်းကို အခြေခံမှစ၍ ရေးဆွဲထားခြင်းဖြစ်သဖြင့် ယခုမှစတင်လေ့လာသူများအတွက် အထူးသင့်တော်သကဲ့သို့     နားလည်တတ်ကျွမ်းပြီးသူများအနေဖြင့်လည်းထပ်မံလေ့လာကြည့်ရှုပြီး မိမိတို့သိရှိထားသည့် အသိပညာများဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။


Course Objectives

ဤသင်တန်းကို အောက်ပါ ရည်ရွယ်ချက်များအတွက် ရေးဆွဲထားပါသည်။

၁။ စာသင်ခန်းနှင့် လုပ်ငန်းခွင်တွင် အသုံးများသော နည်းပညာများနှင့် အက်ပလီကေးရှင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန်။

၂။ ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုကို တိုးတက်စေရန် ရည်ရွယ်ပြီး နည်းပညာကို ထိထိရောက်ရောက် လေ့လာအသုံးချနိုင်စေရန်။

၃။ အွန်လိုင်းသင်ကြားသင်ယူရေးများမှတစ်ဆင့် မိမိလေ့လာလိုသည့် ပညာရပ်များကို လေ့လာနိုင်ပြီး ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်။

၄။ အလုပ်အကိုင်အခွင့်အလမ်းများကို အွန်လိုင်းစာမျက်နှာများမှ တစ်ဆင့် ရှာဖွေတတ်စေရန်နှင့် သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသော ကျွမ်းကျင်သူများနှင့် ချိတ်ဆက်နိုင်စေရန်။

၅။ သတင်းတု၊ သတင်းမှားများ နှင့် အွန်လိုင်းမှ သတင်းအချက်အလက်များကို စိစစ်သုံးသပ်တတ်စေရန် နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို နားလည်လိုက်နာနိုင်စေရန်။

၆။ လုံခြုံစိတ်ချရသော အက်ပလီကေးရှင်းများ၊ ChatGPTကို မိတ်ဆက်ခြင်း နှင့် အင်တာနက်ပလက်ဖောင်းများတွင် ဝင်ငွေရှာဖွေခြင်းစသည့် အခြေခံများကိုနားလည်နိုင်စေရန်။


Learning Outcomes

ဤသင်တန်းကိုသင်ယူပြီးချိန်တွင် သင်ယူသူများသည်-

၁။ အိုင်တီပညာရပ်များကို ထိထိရောက်ရောက်လေ့လာနိုင်ပြီး မိမိတို့လိုအပ်သည့်နယ်ပယ်တွင် ကျွမ်းကျင်စွာအသုံးချတတ်မည်။

၂။ Microsoft ကို အသုံးပြုပြီး အလုပ်လျှောက်ရာတွင် အရေးပါသည့် CV ပြင်ဆင်ပုံနှင့် Cover Letter ရေးနည်းနမူနာများကို Google Search နှင့် ChatGPT တို့မှ တစ်ဆင့် ရှာဖွေအသုံးပြုတတ်မည်။

၃။ မိမိတို့၏ သင်ကြားသင်ယူမှု၊ ဘာသာစကားများလေ့လာမှုနှင့် အလုပ်အကိုင်အတွက် လိုအပ်သည့် ပညာရပ်များကို အွန်လိုင်းသင်ကြားရေး ပလက်ဖောင်း၊ အက်ပလီကေးရှင်းများမှတစ်ဆင့်  ပိုမိုသိရှိလေ့လာလာနိုင်မည်။

၄။ အွန်လိုင်းမှ သတင်းစကားများ၊ အချက်အလက်များကို စိစစ်တတ်လာပြီး သတင်းတု၊ သတင်းမှားများမှ ရှောင်ကြဉ်လာနိုင်မည်။

၅။ ဒစ်ဂျစ်တယ်ကိုယ်ရေးအချက်အလက်လုံခြုံမှု အရေးပါပုံကို သိရှိပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကိုလုံခြုံစွာသိမ်းဆည်းတတ်လာမည်။

၆။ ChatGPT ၏ အသုံး၀င်ပုံများနှင့် မိမိတို့အသုံးပြုနေသည့် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုပြီး ဝင်ငွေရှာဖွေခြင်းကို သိရှိလာမည်။


Assessment and Certification

In order to get the certification, you need to finish all the course work, quizzes and final assessment.

Rating & Reviews (5 - Best, 1 - Worst)
Please login and take the course to rate and review.
Login
Please login to view the discussion and chat with the course takers.
Login
Take This Course

There will be evaluation session before certification!

There is no live session planned yet!
Please login to take the course and join the live sessions!
Login
Related Resources
Schooling and Conflict: Ethnic Education and Mother Tongue-based Teaching in Myanmar

Schooling and Conflict: Ethn...

Education and language policies and practices are at the heart of ethnic conflicts in My...

Learn More
Back To Top