Apple App Store Google Play Store Google Play Store YouTube
Want to use Open Educational Resources in your classroom and don’t know how? Here are some tips.

သင့်စာသင်ခန်းအတွင်းမှာ အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်တဲ့ ပညာရေးရင်းမြစ်တွေ (Open Educational Resources - OER) ကို အသုံးပြုချင်ပေမယ့် ဘယ်လိုသုံးရမလဲ မသိဖြစ်နေပါသလား။ အကြံပြုချက်တချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။

သင်က သင့်ရဲ့သင်ရိုးညွှန်းတမ်းစံသတ်မှတ်ချက်တွေ ပြည့်မီစေဖို့အတွက် ICT ကို ဘယ်လိုအသုံးချရမလဲဆိုတာကို ဖော်ထုတ်ဖို့ စိတ်အားထက်သန်တဲ့ မြန်မာနိုင်ငံက ဆရာ (teacher trainer) တစ်ဦး ဖြစ်ပါသလား။ တစ်နည်းအားဖြင့် သင်က ယူနက်စကိုရဲ့ ဆရာများအတွက် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ တတ်ကျွမ်းမှုမူဘောင် မှာ ဖော်ပြထားတဲ့ ပင်မအသိပညာရှာမှီးခြင်းဆိုင်ရာ တတ်ကျွမ်းမှုတစ်ခုကို ရရှိဖို့  စိတ်အားထက်သန်သူ တစ်ဦးဖြစ်ပါသလား။ အဆိုပါ အချက်တွေက သင်နဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့  ဒီဘလော့ဂ်ပို့စ်က သင့်အတွက်ပါပဲ။  

ပြောင်းလဲမှုများတဲ့သင်ကြားရေးနယ်ပယ်ထဲမှာ အရည်အသွေးမြင့်တဲ့ ပညာရေးဆိုင်ရာပစ္စည်းတွေ (educational materials) ကို ဖော်ထုတ်ဖို့ကလည်း တကယ်ကို သင်ယူမှုခရီးစဉ်တစ်ခု ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ သင့်လက်ရှိအခြေအနေကို သိသိသာသာပြောင်းလဲပေးနိုင်မဲ့အရာက ဒီမှာရှိနေပါတယ် - အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်သော ပညာရေးရင်းမြစ်များ (OER)

OER က သင့်အတွက် ပြဋ္ဌာန်းစာအုပ်၊ ဗီဒီယို၊ သင်ပြမှုပုံစံ (lesson plan)နဲ့ ဉာဏ်စမ်းမေးခွန်းတွေအပါအဝင် သင်ကြား၊ သင်ယူမှု အထောက်အကူပစ္စည်းတွေကို ပေါပေါများများနဲ့ အခမဲ့ရရှိနိုင်မဲ့ အဓိကသော့ချက်ပါပဲ။ ဒီသင်ထောက်ကူပစ္စည်းတွေက ပထမတန်းအရည်အသွေးရှိကြောင်း အာမခံနိုင်တဲ့ နာမည်ကောင်းရထားတဲ့ရင်းမြစ်တွေဆီကနေ လာလေ့ရှိပြီး၊ သင့်စာသင်ခန်းရဲ့ အထူးလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် စိတ်ကြိုက် အပြည့်အဝပြောင်းလဲလို့ရပါတယ်။ OER ရဲ့ လိုက်လျောညီထွေရှိမှုကတော့ တကယ်ကို အံ့ဖွယ်ပါပဲ။ သင့်အနေနဲ့ အဲဒီရင်းမြစ်တွေကို ရောစပ်၊ တွဲဖက်၊ ညှိယူပြီး သင့်ကျောင်းသားတွေအတွက် အပြည့်စုံဆုံးရင်းမြစ်တွေအဖြစ် ဖန်တီးနိုင်လို့ သင့်သင်ကြားရေးရဲ့ ထိရောက်မှုကို အထူးမြှင့်တင်ပေးနိုင်ပါလိမ့်မယ်။  

သင်၏သင်ကြားရေးလုပ်ငန်းစဉ်မှာ ပြန်လည်အသုံးချနိုင်ရန်အတွက် MTP မှာ အွန်လိုင်း ပညာရေးဆိုင်ရာ အရင်းအမြစ်များကို ရှာဖွေလိုက်ပါ။ MTP လင့် -> https://mmteacherplatform.net/my-MM

ဒီမှာ သင့်ရဲ့လုပ်ဆောင်မှုအစီအစဉ်ပါ - 

သင့်ရဲ့ OER စူးစမ်းရှာဖွေမှုကို OER Commons , Khan Academy နဲ့ Myanmar Teacher Platform လို ရင်းမြစ်တွေကနေတစ်ဆင့် အွန်လိုင်းပေါ်မှာစတင်လိုက်ပါ။

အချိန်ကုန်သက်သာစေပြီး သင်ကြားရေးကို ပိုကောင်းစေမဲ့ သင့်ရဲ့သင်ကြားရေး ရည်မှန်းချက်ပန်းတိုင်တွေ၊ သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေကို ရွေးချယ်ပါ။ 

သင့်ရဲ့ OER ဆိုင်ရာ ရှာဖွေတွေ့ရှိချက်တွေအပေါ် မူတည်ပြီး စိတ်ကြိုက်ပြင်ဆင်ထားတဲ့ သင်ပြမှုပုံစံ (lesson plan)၊ အလုပ်မှတ်တမ်းစာရွက် (worksheet) နဲ့ တင်ပြချက် (presentation) တွေကို အသေအချာဖန်တီးပြီး နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါ။ 

ဒီလိုအပ်ချက်နဲ့ အံဝင်ခွင်ကျစီမံထားတဲ့ ချဉ်းကပ်နည်းက သင့်ကျောင်းသားတွေရဲ့တမူထူးခြားတဲ့ ပုံစံတွေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။  

ပြီးတော့ သင့်ကျောင်းသားတွေကို သူတို့ရဲ့ကိုယ်ပိုင်သင်ယူမှုနဲ့ ပရောဂျက် (project)တွေအတွက် OER ရဲ့အစွမ်းကို အသုံးချတတ်အောင် သင်ပေးကြည့်ပါလား။ OER က သူတို့ကို အားပေးကူညီပြီး သူတို့ရဲ့ ကျိုးကြောင်းဆီလျော်အောင်ဆန်းစစ်ဝေဖန်တတ်တဲ့ စွမ်းရည်ကိုလည်း ပြုစုပျိုးထောင်ပေးပါတယ်။ 

သင့်မှာ ရင်းမြစ်တွေ ဘယ်လောက်ပဲနည်းပါးစေပါစေ၊ သင့်ရဲ့ကိရိယာအစုံထဲမှာ OER ပါရှိနေတာနဲ့အမျှ သင့်စာသင်ခန်းကို ရင်းမြစ်တွေကြွယ်ဝပြီး ဆန်းသစ်တီထွင်တတ်တဲ့ ဗဟိုချက်အဖြစ် ပြောင်းလဲနိုင်မှာပါ။ ဒီပညာရေးရတနာသေတ္တာကြီးကို လေ့လာဖော်ထုတ်ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား။ 

ဒါက သင်ကိုယ်တိုင် အလျင်အမြန်လုပ်ဆောင်ကြည့်နိုင်တဲ့ အရာပါ - 

သင့်ရဲ့လာမဲ့သင်ခန်းစာပေါ်မှာ ပြန်လည်သုံးသပ်ဖို့ အချိန်ခဏယူကြည့်ပါ။ သင့်ရဲ့သင်ကြားပို့ချမှုအတွက် ပိုပြီးသင့်လျော်တဲ့ ICT အခြေပြု ရင်းမြစ်တွေကိုလည်း ထည့်သွင်းစဉ်းစားကြည့်ပါ။ OER Commons ဒါမှမဟုတ် Khan Academy လို ပလက်ဖောင်းမျိုးကို သင့်ရဲ့သင်ပြမှုပုံစံရေးဆွဲခြင်း (lesson planning) မှာ မထည့်သွင်းခင် လေ့လာစူးစမ်းကြည့်ပြီး အကျွမ်းတဝင်ရှိနေအောင် လုပ်ထားပါ။ အပတ်တိုင်း အွန်လိုင်းရင်းမြစ်တစ်ခု ဒါမှမဟုတ် နှစ်ခုကို ရွေးချယ်ပြီး၊ သင့်ရဲ့သင်ကြားရေးခရီးစဉ်မှာ သင်တိုးတက်လာတာနဲ့အမျှ သင့်ရဲ့ OER အသုံးပြုမှုကိုလည်း တဖြည်းဖြည်းချင်းတိုးမြှင့်သွားဖို့ ရည်ရွယ်ထားပါ။


Back To Top