Apple App Store Google Play Store Google Play Store YouTube
Want to use Open Educational Resources in your classroom and don’t know how? Here are some tips.

သင့်စာသင်ခန်းအတွင်းမှာ အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်တဲ့ ပညာရေးရင်းမြစ်တွေ (Open Educational Resources - OER) ကို အသုံးပြုချင်ပေမယ့် ဘယ်လိုသုံးရမလဲ မသိဖြစ်နေပါသလား။ အကြံပြုချက်တချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။

သင်က သင့်ရဲ့သင်ရိုးညွှန်းတမ်းစံသတ်မှတ်ချက်တွေ ပြည့်မီစေဖို့အတွက် ICT ကို ဘယ်လိုအသုံးချရမလဲဆိုတာကို ဖော်ထုတ်ဖို့ စိတ်အားထက်သန်တဲ့ မြန်မာနိုင်ငံက ဆရာ (teacher trainer) တစ်ဦး ဖြစ်ပါသလား။ တစ်နည်းအားဖြင့် သင်က ယူနက်စကိုရဲ့ ဆရာများအတွက် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ တတ်ကျွမ်းမှုမူဘောင် မှာ ဖော်ပြထားတဲ့ ပင်မအသိပညာရှာမှီးခြင်းဆိုင်ရာ တတ်ကျွမ်းမှုတစ်ခုကို ရရှိဖို့  စိတ်အားထက်သန်သူ တစ်ဦးဖြစ်ပါသလား။ အဆိုပါ အချက်တွေက သင်နဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့  ဒီဘလော့ဂ်ပို့စ်က သင့်အတွက်ပါပဲ။  

ပြောင်းလဲမှုများတဲ့သင်ကြားရေးနယ်ပယ်ထဲမှာ အရည်အသွေးမြင့်တဲ့ ပညာရေးဆိုင်ရာပစ္စည်းတွေ (educational materials) ကို ဖော်ထုတ်ဖို့ကလည်း တကယ်ကို သင်ယူမှုခရီးစဉ်တစ်ခု ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ သင့်လက်ရှိအခြေအနေကို သိသိသာသာပြောင်းလဲပေးနိုင်မဲ့အရာက ဒီမှာရှိနေပါတယ် - အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်သော ပညာရေးရင်းမြစ်များ (OER)

OER က သင့်အတွက် ပြဋ္ဌာန်းစာအုပ်၊ ဗီဒီယို၊ သင်ပြမှုပုံစံ (lesson plan)နဲ့ ဉာဏ်စမ်းမေးခွန်းတွေအပါအဝင် သင်ကြား၊ သင်ယူမှု အထောက်အကူပစ္စည်းတွေကို ပေါပေါများများနဲ့ အခမဲ့ရရှိနိုင်မဲ့ အဓိကသော့ချက်ပါပဲ။ ဒီသင်ထောက်ကူပစ္စည်းတွေက ပထမတန်းအရည်အသွေးရှိကြောင်း အာမခံနိုင်တဲ့ နာမည်ကောင်းရထားတဲ့ရင်းမြစ်တွေဆီကနေ လာလေ့ရှိပြီး၊ သင့်စာသင်ခန်းရဲ့ အထူးလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် စိတ်ကြိုက် အပြည့်အဝပြောင်းလဲလို့ရပါတယ်။ OER ရဲ့ လိုက်လျောညီထွေရှိမှုကတော့ တကယ်ကို အံ့ဖွယ်ပါပဲ။ သင့်အနေနဲ့ အဲဒီရင်းမြစ်တွေကို ရောစပ်၊ တွဲဖက်၊ ညှိယူပြီး သင့်ကျောင်းသားတွေအတွက် အပြည့်စုံဆုံးရင်းမြစ်တွေအဖြစ် ဖန်တီးနိုင်လို့ သင့်သင်ကြားရေးရဲ့ ထိရောက်မှုကို အထူးမြှင့်တင်ပေးနိုင်ပါလိမ့်မယ်။  

Back To Top